မှီခိုရာတရား ၁၀ ပါး


Unicode
မှီခိုရာတရား ၁၀ ပါး

၁။ ပါတိမောက္ခသံဝရသီလနှင့် ပြည့်စုံလျက် သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်ခြင်း၊

၂။ အကြားအမြင်များလျက် တရားတို့ကို ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိအပ်ခြင်း၊

၃။ မိတ်ဆွေကောင်းရှိလျက် ထိုမိတ်ဆွေကောင်းတို့၌ ကိုင်းညွတ်ခြင်း၊

၄။ ဆုံးမလွယ်၍ အဆုံးအမကို ရိုသေစွာ ခံယူတတ်ခြင်း၊

၅။ သီတင်းသုံးဖော်တို့၏ အမှုကိစ္စ တို့၌ စူးစမ်းမှု ပညာနှင့် ပြည့်စုံလျက် ပြုစီမံရန် စွမ်းနိုင်ခြင်း၊

၆။ တရားတော်ကို အလိုရှိလျက် သုတ် ဝိနည်း အဘိဓမ္မာတို့၌ များစွာ မြတ်နိုးမှု ရှိခြင်း၊

၇။ အကုသိုလ်တရားတို့ကို ပယ်၍ ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိခြင်း၊

၈။ ရသမျှသော သင်္ကန်း ဆွမ်း ကျောင်း ဆေး ပစ္စည်းလေးပါးတို့ဖြင့် ရောင့်ရဲခြင်း၊

၉။ လွန်ကဲသော သတိနှင့် ပြည့်စုံလျက် ကြာမြင့်စွာက ပြုလုပ် ပြောဆိုခဲ့မှုကို အောက်မေ့နိုင်ခြင်း၊

၁၀။ အဖြစ်အပျက်ကို သိသောပညာ ကိလေသာကို ဖောက်ခွဲလျက် နိဗ္ဗာန်သို့ ရောက်စေတတ်သော ပညာနှင့် ပြည့်စုံခြင်း။

(ဒီ၊၃။၂၂၁။) (ဒီ၊၃။၂၅၅။) (အံ၊၃။၂၇၅။) (အံ၊၃။၂၇၇။) (ဒီ၊မြန်၊၃။၂၄၄-၂၄၅-၂၄၆။) (ဒီ၊မြန်၊၃။၂၇၉။) (အံ၊မြန်၊၃။၂၇၅၊၂၇၇။) (အံ၊မြန်၊၃။၂၇၅၊၂၇၇။)

မွီခိုရာတရား ၁၀ ပါး

၁။ ပါတိေမာကၡသံဝရသီလႏွင့္ ျပည့္စံုလ်က္ သိကၡာပုဒ္တို႔၌ ေကာင္းစြာ ေဆာက္တည္၍ က်င့္ျခင္း၊

၂။ အၾကားအျမင္မ်ားလ်က္ တရားတို႔ကို ပညာျဖင့္ ေကာင္းစြာ ထိုးထြင္း၍ သိအပ္ျခင္း၊

၃။ မိတ္ေဆြေကာင္းရွိလ်က္ ထိုမိတ္ေဆြေကာင္းတို႔၌ ကိုင္းၫြတ္ျခင္း၊

၄။ ဆံုးမလြယ္၍ အဆံုးအမကို ႐ိုေသစြာ ခံယူတတ္ျခင္း၊

၅။ သီတင္းသံုးေဖာ္တို႔၏ အမႈကိစၥ တို႔၌ စူးစမ္းမႈ ပညာႏွင့္ ျပည့္စံုလ်က္ ျပဳစီမံရန္ စြမ္းႏိုင္ျခင္း၊

၆။ တရားေတာ္ကို အလိုရွိလ်က္ သုတ္ ဝိနည္း အဘိဓမၼာတို႔၌ မ်ားစြာ ျမတ္ႏိုးမႈ ရွိျခင္း၊

၇။ အကုသိုလ္တရားတို႔ကို ပယ္၍ ကုသိုလ္တရားတို႔ကို ျပည့္စံုေစရန္ ထက္သန္ေသာ လံု႔လရွိျခင္း၊

၈။ ရသမွ်ေသာ သကၤန္း ဆြမ္း ေက်ာင္း ေဆး ပစၥည္းေလးပါးတို႔ျဖင့္ ေရာင့္ရဲျခင္း၊

၉။ လြန္ကဲေသာ သတိႏွင့္ ျပည့္စံုလ်က္ ၾကာျမင့္စြာက ျပဳလုပ္ ေျပာဆိုခဲ့မႈကို ေအာက္ေမ့ႏိုင္ျခင္း၊

၁၀။ အျဖစ္အပ်က္ကို သိေသာပညာ ကိေလသာကို ေဖာက္ခြဲလ်က္ နိဗၺာန္သို႔ ေရာက္ေစတတ္ေသာ ပညာႏွင့္ ျပည့္စံုျခင္း။

(ဒီ၊၃။၂၂၁။) (ဒီ၊၃။၂၅၅။) (အံ၊၃။၂၇၅။) (အံ၊၃။၂၇၇။) (ဒီ၊ျမန္၊၃။၂၄၄-၂၄၅-၂၄၆။) (ဒီ၊ျမန္၊၃။၂၇၉။) (အံ၊ျမန္၊၃။၂၇၅၊၂၇၇။) (အံ၊ျမန္၊၃။၂၇၅၊၂၇၇။)

Comments

Popular posts from this blog

ဗ်ၪၨနဗုဒၶိ ၁၀ ပါး

မိမိသႏၲာန္၌ ျဖစ္ေစသင့္ေသာ တရား ၁၀ ပါး

မည်းညစ်သော လမ်းဟု ဆိုအပ်သော တရား ၁၀ ပါး