ငရဲက်မည့္ ဥပါသိကာမတို႔၏ အဂၤါ ၁၀ ပါး

ငရဲက်မည့္ ဥပါသိကာမတို႔၏ အဂၤါ ၁၀ ပါး

၁။ သနားညႇာတာျခင္း မရွိဘဲ ေသြးစြန္းေသာ လက္ျဖင့္ သူ႔အသက္ကို သတ္ေလ့ရွိျခင္း၊

၂။ ရြာ၌ျဖစ္ေစ ေတာ၌ျဖစ္ေစ သူ႔ဥစၥာကို ခိုးယူေလ့ရွိျခင္း၊

၃။ ကာမျဖင့္ မွားယြင္းစြာ က်င့္ေလ့ရွိျခင္း၊

၄။ တံစိုးလက္ေဆာင္ စေသာ လာဘ္အာမိသ ေၾကာင့္ မဟုတ္မမွန္ ေျပာေလ့ရွိျခင္း၊

၅။ ညီၫြတ္သူမ်ား အခ်င္းခ်င္း ကြဲျပားသြားေအာင္ ကုန္းေခ်ာစကား ေျပာၾကားတတ္ျခင္း၊

၆။ သူတစ္ပါးတို႔နား စပ္ခါးေစလ်က္ အမ်က္ထြက္ဖြယ္ ၾကမ္းတမ္းေသာ စကား ေျပာၾကားတတ္ျခင္း၊

၇။ အက်ိဳးမဲ့ အခါမဲ့ တရားမဲ့ ျဖစ္ေသာ ၿပိန္ဖ်င္းေသာ စကားကို ေျပာဆိုတတ္ျခင္း၊

၈။ သူတစ္ပါးတို႔၏ စည္းစိမ္ဥစၥာ အေဆာက္အဦ တို႔သည္ ငါ႔ဥစၥာျဖစ္မူ ေကာင္းေလစြ စသည္ျဖင့္ သူတစ္ပါး ဥစၥာကို ေရွး႐ႈ ၾကံစည္မႈ အဘိဇၩာမ်ားျခင္း၊

၉။ ဤသတၱဝါတို႔အား ဖမ္းဆီးသတ္ျဖတ္ၾကပါေစ စသည္ျဖင့္ ဖ်က္ဆီး လိုေသာ စိတ္အၾကံ ရွိျခင္း၊

၁၀။ လႉဒါန္းပူေဇာ္ရ ျခင္းသည္ အက်ိဳးမရွိ အစရွိသည္ျဖင့္ မွားေသာ အျမင္ ရွိျခင္း။

(အံ၊၃။၄၉၀။) (အံ၊ျမန္၊၃။၄၈၀။)

Unicode
ငရဲကျမည့် ဥပါသိကာမတို့၏ အင်္ဂါ ၁၀ ပါး

၁။ သနားညှာတာခြင်း မရှိဘဲ သွေးစွန်းသော လက်ဖြင့် သူ့အသက်ကို သတ်လေ့ရှိခြင်း၊

၂။ ရွာ၌ဖြစ်စေ တော၌ဖြစ်စေ သူ့ဥစ္စာကို ခိုးယူလေ့ရှိခြင်း၊

၃။ ကာမဖြင့် မှားယွင်းစွာ ကျင့်လေ့ရှိခြင်း၊

၄။ တံစိုးလက်ဆောင် စသော လာဘ်အာမိသ ကြောင့် မဟုတ်မမှန် ပြောလေ့ရှိခြင်း၊

၅။ ညီညွတ်သူများ အချင်းချင်း ကွဲပြားသွားအောင် ကုန်းချောစကား ပြောကြားတတ်ခြင်း၊

၆။ သူတစ်ပါးတို့နား စပ်ခါးစေလျက် အမျက်ထွက်ဖွယ် ကြမ်းတမ်းသော စကား ပြောကြားတတ်ခြင်း၊

၇။ အကျိုးမဲ့ အခါမဲ့ တရားမဲ့ ဖြစ်သော ပြိန်ဖျင်းသော စကားကို ပြောဆိုတတ်ခြင်း၊

၈။ သူတစ်ပါးတို့၏ စည်းစိမ်ဥစ္စာ အဆောက်အဦ တို့သည် ငါ့ဥစ္စာဖြစ်မူ ကောင်းလေစွ စသည်ဖြင့် သူတစ်ပါး ဥစ္စာကို ရှေးရှု ကြံစည်မှု အဘိဇ္ဈာများခြင်း၊

၉။ ဤသတ္တဝါတို့အား ဖမ်းဆီးသတ်ဖြတ်ကြပါစေ စသည်ဖြင့် ဖျက်ဆီး လိုသော စိတ်အကြံ ရှိခြင်း၊

၁၀။ လှူဒါန်းပူဇော်ရ ခြင်းသည် အကျိုးမရှိ အစရှိသည်ဖြင့် မှားသော အမြင် ရှိခြင်း။

(အံ၊၃။၄၉၀။) (အံ၊မြန်၊၃။၄၈၀။)

Comments

Popular posts from this blog

ဗ်ၪၨနဗုဒၶိ ၁၀ ပါး

မိမိသႏၲာန္၌ ျဖစ္ေစသင့္ေသာ တရား ၁၀ ပါး

မည်းညစ်သော လမ်းဟု ဆိုအပ်သော တရား ၁၀ ပါး