ငရဲက်ေၾကာင္း တရား ၁၀ ပါး
ငရဲက်ေၾကာင္း တရား ၁၀ ပါး
၁။ ညႇာတာျခင္း ကင္းလ်က္ ေသြးစြန္းလက္ျဖင့္ သူ႔အသက္ကို သတ္ေလ့ရွိျခင္း၊
၂။ ရြာ၌ ျဖစ္ေစ ေတာ၌ ျဖစ္ေစ သူ႔ဥစၥာကို ခိုးယူေလ့ရွိျခင္း၊
၃။ မာတုရကၡိတ (အမိေစာင့္ေရွာက္ထားသူ) စေသာ မိန္းမ ဆယ္မ်ဳိးတို႔၌ ကာမျဖင့္ မွားယြင္းစြာ က်င့္ေလ့ရွိျခင္း၊
၄။ ပရိသတ္အလယ္၌ တံစိုးလက္ေဆာင္စေသာ အာမိသေၾကာင့္ မဟုတ္မမွန္ ေျပာေလ့ရွိျခင္း၊
၅။ ညီၫြတ္သူအခ်င္းခ်င္း ကြဲျပားေစေအာင္ ကုန္းေခ်ာစကား ေျပာၾကား တတ္ျခင္း၊
၆။ သူတစ္ပါးတို႔၏နား စပ္ခါးေစလ်က္ အမ်က္ထြက္ဖြယ္ ၾကမ္းတမ္းေသာ စကားကို ေျပာၾကားတတ္ျခင္း၊
၇။ အက်ိဳးမဲ့ အခါမဲ့ တရားမဲ့ျဖစ္ေသာ ၿပိန္ဖ်င္းေသာ စကားကို ေျပာဆိုတတ္ျခင္း၊
၈။ သူတစ္ပါးစည္းစိမ္ဥစၥာ အေဆာက္အဦတို႔သည္ ငါ႔ဥစၥာျဖစ္မူ ေကာင္းေလစြ စသည္ျဖင့္ သူတစ္ပါးဥစၥာကို ေရွး႐ႈၾကံစည္မႈအဘိဇၩာ မ်ားျခင္း၊
၉။ ဤ သတၱဝါတို႔အား ဖမ္းဆီးသတ္ျဖတ္ၾကပါေစ စသည္ျဖင့္ ဖ်က္ဆီးလိုေသာ စိတ္အၾကံ ရွိျခင္း၊
၁၀။ လႉဒါန္းပူေဇာ္ျခင္းသည္ အက်ိဳးမရွိ စသည္ျဖင့္ မွားေသာ အျမင္ ရွိျခင္း။
(အံ၊၃။၄၉၀။) (အံ၊ျမန္၊၃။၄၈၀။)
Unicode
ငရဲကျကြောင်း တရား ၁၀ ပါး
၁။ ညှာတာခြင်း ကင်းလျက် သွေးစွန်းလက်ဖြင့် သူ့အသက်ကို သတ်လေ့ရှိခြင်း၊
၂။ ရွာ၌ ဖြစ်စေ တော၌ ဖြစ်စေ သူ့ဥစ္စာကို ခိုးယူလေ့ရှိခြင်း၊
၃။ မာတုရက္ခိတ (အမိစောင့်ရှောက်ထားသူ) စသော မိန်းမ ဆယ်မျိုးတို့၌ ကာမဖြင့် မှားယွင်းစွာ ကျင့်လေ့ရှိခြင်း၊
၄။ ပရိသတ်အလယ်၌ တံစိုးလက်ဆောင်စသော အာမိသကြောင့် မဟုတ်မမှန် ပြောလေ့ရှိခြင်း၊
၅။ ညီညွတ်သူအချင်းချင်း ကွဲပြားစေအောင် ကုန်းချောစကား ပြောကြား တတ်ခြင်း၊
၆။ သူတစ်ပါးတို့၏နား စပ်ခါးစေလျက် အမျက်ထွက်ဖွယ် ကြမ်းတမ်းသော စကားကို ပြောကြားတတ်ခြင်း၊
၇။ အကျိုးမဲ့ အခါမဲ့ တရားမဲ့ဖြစ်သော ပြိန်ဖျင်းသော စကားကို ပြောဆိုတတ်ခြင်း၊
၈။ သူတစ်ပါးစည်းစိမ်ဥစ္စာ အဆောက်အဦတို့သည် ငါ့ဥစ္စာဖြစ်မူ ကောင်းလေစွ စသည်ဖြင့် သူတစ်ပါးဥစ္စာကို ရှေးရှုကြံစည်မှုအဘိဇ္ဈာ များခြင်း၊
၉။ ဤ သတ္တဝါတို့အား ဖမ်းဆီးသတ်ဖြတ်ကြပါစေ စသည်ဖြင့် ဖျက်ဆီးလိုသော စိတ်အကြံ ရှိခြင်း၊
၁၀။ လှူဒါန်းပူဇော်ခြင်းသည် အကျိုးမရှိ စသည်ဖြင့် မှားသော အမြင် ရှိခြင်း။
(အံ၊၃။၄၉၀။) (အံ၊မြန်၊၃။၄၈၀။)
Comments
Post a Comment