ပေသနဒိေကာသလမင္းႀကီးက ဘုရားရွင္အား ပူေဇာ္ေၾကာင္း ၁၀ ပါး
ပေသနဒိေကာသလမင္းႀကီးက ဘုရားရွင္အား ပူေဇာ္ေၾကာင္း ၁၀ ပါး
၁။ ျမတ္စြာဘုရားသည္ လူအမ်ား၏ စီးပြားခ်မ္းသာအလို႔ငွာ က်င့္၍ လူအမ်ားကို ျမတ္ေသာ ဉာဏ္၌ တည္ေစေတာ္ မူျခင္း၊
၂။ ျမတ္စြာဘုရားသည္ ႀကီးျမတ္ေသာ သီလရွိေတာ္မူ၍ ထိုႀကီးျမတ္ အျပစ္ကင္းေသာ သီလႏွင့္ ျပည့္စံုေတာ္မူျခင္း၊
၃။ ျမတ္စြာဘုရားသည္ ေန႔ညဥ့္ပတ္လံုး အစြန္အဖ်ားက်ေသာ ေတာေက်ာင္းတို႔ကို မွီဝဲေတာ္မူျခင္း၊
၄။ ျမတ္စြာဘုရားသည္ ရတတ္သမွ်ေသာ ပစၥည္း ေလးပါးျဖင့္ ေရာင့္ရဲျခင္း၊
၅။ ျမတ္စြာဘုရားသည္ အာဟုေနယ်စေသာ ဂုဏ္တို႔ႏွင့္ျပည့္စံု ေတာ္မူျခင္း၊
၆။ ျမတ္စြာဘုရားသည္ အပၸိစၧကထာ သီလကထာ သမာဓိကထာ စသည္တို႔ကို အလိုရွိတိုင္း ရေတာ္မူျခင္း၊
၇။ ျမတ္စြာဘုရားသည္ ဈာန္ေလးပါးတို႔ကို အလိုရွိတိုင္း လြယ္ကူစြာ ရျခင္း၊
၈။ ျမတ္စြာဘုရားသည္ အမည္အႏြယ္ႏွင့္တကြ ေရွး၌ ေနခဲ့ဖူးေသာ ခႏၶာအစဥ္တို႔ကို ေအာက္ေမ့ႏိုင္ျခင္း၊
၉။ ျမတ္စြာဘုရားသည္ ဒိဗၺစကၡဳဉာဏ္ျဖင့္ ကံအား ေလ်ာ္စြာ ျဖစ္ေသာ သတၱဝါတို႔ကို သိေတာ္မူျခင္း၊
၁၀။ ျမတ္စြာဘုရားသည္ အရဟတၱ ဖိုလ္ကို မ်က္ေမွာက္ျပဳ၍ ေနျခင္း။
(အံ၊၃။၃၀၈။) (အံ၊ျမန္၊၃။၃၀၇။)
Unicode
ပသေနဒိကောသလမင်းကြီးက ဘုရားရှင်အား ပူဇော်ကြောင်း ၁၀ ပါး
၁။ မြတ်စွာဘုရားသည် လူအများ၏ စီးပွားချမ်းသာအလို့ငှာ ကျင့်၍ လူအများကို မြတ်သော ဉာဏ်၌ တည်စေတော် မူခြင်း၊
၂။ မြတ်စွာဘုရားသည် ကြီးမြတ်သော သီလရှိတော်မူ၍ ထိုကြီးမြတ် အပြစ်ကင်းသော သီလနှင့် ပြည့်စုံတော်မူခြင်း၊
၃။ မြတ်စွာဘုရားသည် နေ့ညဥ့်ပတ်လုံး အစွန်အဖျားကျသော တောကျောင်းတို့ကို မှီဝဲတော်မူခြင်း၊
၄။ မြတ်စွာဘုရားသည် ရတတ်သမျှသော ပစ္စည်း လေးပါးဖြင့် ရောင့်ရဲခြင်း၊
၅။ မြတ်စွာဘုရားသည် အာဟုနေယျစသော ဂုဏ်တို့နှင့်ပြည့်စုံ တော်မူခြင်း၊
၆။ မြတ်စွာဘုရားသည် အပ္ပိစ္ဆကထာ သီလကထာ သမာဓိကထာ စသည်တို့ကို အလိုရှိတိုင်း ရတော်မူခြင်း၊
၇။ မြတ်စွာဘုရားသည် ဈာန်လေးပါးတို့ကို အလိုရှိတိုင်း လွယ်ကူစွာ ရခြင်း၊
၈။ မြတ်စွာဘုရားသည် အမည်အနွယ်နှင့်တကွ ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်တို့ကို အောက်မေ့နိုင်ခြင်း၊
၉။ မြတ်စွာဘုရားသည် ဒိဗ္ဗစက္ခုဉာဏ်ဖြင့် ကံအား လျော်စွာ ဖြစ်သော သတ္တဝါတို့ကို သိတော်မူခြင်း၊
၁၀။ မြတ်စွာဘုရားသည် အရဟတ္တ ဖိုလ်ကို မျက်မှောက်ပြု၍ နေခြင်း။
(အံ၊၃။၃၀၈။) (အံ၊မြန်၊၃။၃၀၇။)
Comments
Post a Comment