ခ်ီးမြမ္းဖြယ္ ၁၀ ပါး
ခ်ီးမြမ္းဖြယ္ ၁၀ ပါး
၁။ မိမိကိုယ္တိုင္ အလိုနည္း၍ အျခားရဟန္းတို႔အား အလိုနည္းေသာ စကားကို ေျပာတတ္ျခင္း၊
၂။ မိမိကိုယ္တိုင္ ေရာင့္ရဲ၍ အျခားရဟန္းတို႔အား ေရာင့္ရဲေသာ စကားကို ေျပာတတ္ျခင္း၊
၃။ မိမိကိုယ္တိုင္ ကင္းဆိတ္၍ အျခားရဟန္းတို႔အား ကင္းဆိတ္ေသာ စကားကို ေျပာတတ္ျခင္း၊
၄။ မိမိကိုယ္တိုင္ မေရာေႏွာမူ၍ အျခားရဟန္းတို႔အား မေရာေႏွာေသာ စကားကို ေျပာတတ္ျခင္း၊
၅။ မိမိကိုယ္တိုင္ ထက္သန္ေသာ လံု႔လရွိ၍ အျခားရဟန္းတို႔အား ထက္သန္ေသာ လံု႔လရွိမႈႏွင့္စပ္ေသာ စကားကို ေျပာဆိုတတ္ျခင္း၊
၆။ မိမိကိုယ္တိုင္ သီလႏွင့္ ျပည့္စံု၍ အျခားေသာ ရဟန္းတို႔အား သီလျပည့္စံုမႈႏွင့္စပ္ေသာ စကားကို ေျပာဆိုတတ္ျခင္း၊
၇။ မိမိကိုယ္တိုင္ သမာဓိႏွင့္ ျပည့္စံု၍ အျခားေသာ ရဟန္းတို႔အား သမာဓိ ျပည့္စံုမႈႏွင့္ စပ္ေသာ စကားကို ေျပာဆိုတတ္ျခင္း၊
၈။ မိမိကိုယ္တိုင္ ပညာႏွင့္ ျပည့္စံု၍ အျခားေသာ ရဟန္းတို႔အား ပညာျပည့္စံုမႈႏွင့္ စပ္ေသာ စကားကိုေျပာတတ္ျခင္း၊
၉။ မိမိ ကိုယ္တိုင္ လြတ္ေျမာက္မႈ အရဟတၱဖိုလ္ႏွင့္ ျပည့္စံု၍ အျခားရဟန္းတို႔အား လြတ္ေျမာက္မႈ အရဟတၱဖိုလ္ႏွင့္ စပ္ေသာ စကားကို ေျပာဆိုတတ္ျခင္း၊
၁၀။ မိမိကိုယ္တိုင္ အရဟတၱဖိုလ္ကို ဆင္ျခင္ေသာ ဉာဏ္အျမင္ႏွင့္ ျပည့္စံု၍ အျခားရဟန္းတိုု႔အား အရဟတၱဖိုလ္ကို ဆင္ျခင္ေသာ ဉာဏ္အျမင္ႏွင့္ ျပည့္စံုမႈႏွင့္ စပ္ေသာ စကားကို ေျပာဆိုတတ္ျခင္း။
(အံ၊၃။၃၅၉။) (အံ၊ျမန္၊၃။၃၅၇။)
Unicode
ချီးမွမ်းဖွယ် ၁၀ ပါး
၁။ မိမိကိုယ်တိုင် အလိုနည်း၍ အခြားရဟန်းတို့အား အလိုနည်းသော စကားကို ပြောတတ်ခြင်း၊
၂။ မိမိကိုယ်တိုင် ရောင့်ရဲ၍ အခြားရဟန်းတို့အား ရောင့်ရဲသော စကားကို ပြောတတ်ခြင်း၊
၃။ မိမိကိုယ်တိုင် ကင်းဆိတ်၍ အခြားရဟန်းတို့အား ကင်းဆိတ်သော စကားကို ပြောတတ်ခြင်း၊
၄။ မိမိကိုယ်တိုင် မရောနှောမူ၍ အခြားရဟန်းတို့အား မရောနှောသော စကားကို ပြောတတ်ခြင်း၊
၅။ မိမိကိုယ်တိုင် ထက်သန်သော လုံ့လရှိ၍ အခြားရဟန်းတို့အား ထက်သန်သော လုံ့လရှိမှုနှင့်စပ်သော စကားကို ပြောဆိုတတ်ခြင်း၊
၆။ မိမိကိုယ်တိုင် သီလနှင့် ပြည့်စုံ၍ အခြားသော ရဟန်းတို့အား သီလပြည့်စုံမှုနှင့်စပ်သော စကားကို ပြောဆိုတတ်ခြင်း၊
၇။ မိမိကိုယ်တိုင် သမာဓိနှင့် ပြည့်စုံ၍ အခြားသော ရဟန်းတို့အား သမာဓိ ပြည့်စုံမှုနှင့် စပ်သော စကားကို ပြောဆိုတတ်ခြင်း၊
၈။ မိမိကိုယ်တိုင် ပညာနှင့် ပြည့်စုံ၍ အခြားသော ရဟန်းတို့အား ပညာပြည့်စုံမှုနှင့် စပ်သော စကားကိုပြောတတ်ခြင်း၊
၉။ မိမိ ကိုယ်တိုင် လွတ်မြောက်မှု အရဟတ္တဖိုလ်နှင့် ပြည့်စုံ၍ အခြားရဟန်းတို့အား လွတ်မြောက်မှု အရဟတ္တဖိုလ်နှင့် စပ်သော စကားကို ပြောဆိုတတ်ခြင်း၊
၁၀။ မိမိကိုယ်တိုင် အရဟတ္တဖိုလ်ကို ဆင်ခြင်သော ဉာဏ်အမြင်နှင့် ပြည့်စုံ၍ အခြားရဟန်းတို့အား အရဟတ္တဖိုလ်ကို ဆင်ခြင်သော ဉာဏ်အမြင်နှင့် ပြည့်စုံမှုနှင့် စပ်သော စကားကို ပြောဆိုတတ်ခြင်း။
(အံ၊၃။၃၅၉။) (အံ၊မြန်၊၃။၃၅၇။)
Comments
Post a Comment