နတ္ျပည္ေရာက္ေၾကာင္း တရား ၁၀ ပါး
နတ္ျပည္ေရာက္ေၾကာင္း တရား ၁၀ ပါး
၁။ သူ႔အသက္ သတ္မႈမွ ေရွာင္ၾကဥ္ေလ့ရွိျခင္း၊
၂။ သူ႔ဥစၥာကို မခိုးယူတတ္ျခင္း၊
၃။ မာတုရကၡိတ (အမိအုပ္ထိန္းထားသူ) စေသာ မိန္းမတို႔၌ ကာမျဖင့္ မွားယြင္းစြာ က်င့္ျခင္းမွ ေရွာင္ၾကဥ္ေလ့ရွိျခင္း၊
၄။ တံစိုးလက္ေဆာင္ လာဘ္ အာမိသဟူေသာ အေၾကာင္းေၾကာင့္လည္း မဟုတ္မမွန္ေသာ စကားကို မေျပာဆိုတတ္ျခင္း၊
၅။ ကုန္းေခ်ာစကား ေျပာျခင္းမွ ေရွာင္ၾကဥ္၍ ညီၫြတ္ေၾကာင္း စကားကိုသာ ေျပာဆိုတတ္ျခင္း၊
၆။ ခ်စ္ခင္ဖြယ္ေသာ စကား, ယဥ္ေက်းသိမ္ေမြ႕လ်က္ နားဝင္ခ်ိဳေသာ စကားမ်ိဳးကိုသာ ေျပာဆိုတတ္ျခင္း၊
၇။ အက်ိဳး စီးပြားႏွင့္စပ္ေသာ၊ တရားဓမၼႏွင့္စပ္ေသာ စကားတို႔ကိုသာ ေျပာဆိုတတ္ျခင္း၊
၈။ သူတစ္ပါး၏ စည္းစိမ္ဥစၥာကို ေရွး႐ႈမၾကံစည္တတ္ျခင္း အဘိဇၩာ မမ်ားျခင္း၊
၉။ ဤသတၱဝါတို႔သည္ ေဘးရန္ေၾကာင့္ၾက ဆင္းရဲကင္း၍ ကိုယ္စိတ္ႏွစ္ျဖာ ခ်မ္းသာၾကပါေစဟု မဖ်က္ဆီးလိုေသာ စိတ္အၾကံ ရွိျခင္း၊
၁၀။ လႉဒါန္းပူေဇာ္ရက်ိဳးသည္ရွိ၏ စသည္ျဖင့္ မွန္ေသာ အျမင္ရွိျခင္း။
(အံ၊၃။၄၉၂။) (အံ၊ျမန္၊၃။၄၈၂။)
Unicode
နတ်ပြည်ရောက်ကြောင်း တရား ၁၀ ပါး
၁။ သူ့အသက် သတ်မှုမှ ရှောင်ကြဉ်လေ့ရှိခြင်း၊
၂။ သူ့ဥစ္စာကို မခိုးယူတတ်ခြင်း၊
၃။ မာတုရက္ခိတ (အမိအုပ်ထိန်းထားသူ) စသော မိန်းမတို့၌ ကာမဖြင့် မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်လေ့ရှိခြင်း၊
၄။ တံစိုးလက်ဆောင် လာဘ် အာမိသဟူသော အကြောင်းကြောင့်လည်း မဟုတ်မမှန်သော စကားကို မပြောဆိုတတ်ခြင်း၊
၅။ ကုန်းချောစကား ပြောခြင်းမှ ရှောင်ကြဉ်၍ ညီညွတ်ကြောင်း စကားကိုသာ ပြောဆိုတတ်ခြင်း၊
၆။ ချစ်ခင်ဖွယ်သော စကား, ယဉ်ကျေးသိမ်မွေ့လျက် နားဝင်ချိုသော စကားမျိုးကိုသာ ပြောဆိုတတ်ခြင်း၊
၇။ အကျိုး စီးပွားနှင့်စပ်သော၊ တရားဓမ္မနှင့်စပ်သော စကားတို့ကိုသာ ပြောဆိုတတ်ခြင်း၊
၈။ သူတစ်ပါး၏ စည်းစိမ်ဥစ္စာကို ရှေးရှုမကြံစည်တတ်ခြင်း အဘိဇ္ဈာ မများခြင်း၊
၉။ ဤသတ္တဝါတို့သည် ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေဟု မဖျက်ဆီးလိုသော စိတ်အကြံ ရှိခြင်း၊
၁၀။ လှူဒါန်းပူဇော်ရကျိုးသည်ရှိ၏ စသည်ဖြင့် မှန်သော အမြင်ရှိခြင်း။
(အံ၊၃။၄၉၂။) (အံ၊မြန်၊၃။၄၈၂။)
Comments
Post a Comment